မြန်မာ့ ပြည်တွင် လူနာများ အတွက် Basic Orthodontic Care သည် များစွာ လိုနေသေး လျက်ရှိသည် ကို တွေ့ရသည်။ ထို့ကြောင့် dental GP များကို သက်သက်သာသာ ဖြင့် များများ သင်တန်းပေးရန် လိုအပ်ပါသည်။
ယင်း Demand ကို ဖြည့်ဆီးရန် C&S Biodent မှ Basic Ortho သင်တန်း 32 hours course ကို စီစဥ် ခဲ့ရာ အထိုက်အလျောက် အားဖြင့် အောင်မြင်ခဲ့ပါသည်။
သို့သော်၊ ပြီးခဲ့သည့် သင်တန်းများကို ပြန်လည် သုံးသပ်သည့် အခါ
၁။ ၄ရက် ဆက်တိုက် သည် သင်တန်းသားများ အတွက် နည်းနည်း ပင်ပန်းသည်။
၂။ သင်တန်းကြေး ပေးရသည်မှာ အချို့ ဆရာများ အတွက် အခက်အခဲ ရှိသည်။
၃။ ၄ရက်ဆက်တိုက် ဆေးခန်း ဖျက်ရသည်မှာ ကြာလွန်းသည် ဖြစ်၍ ဝင်ငွေ ထိခိုက်သည်၊ ဟု မြင်ရပါသည်။
ထို့ကြောင့် သွားGP များ အတွက် သက်သာပြီး ဆေးခန်း ဆက်တိုက်ပျက်ရက် နည်းပါးစေ နိုင်မည့် နည်းလမ်းကို ရှာသည့် အခါ ဒေါက်တာ ပတီးလ် က သင်တန်းကို ၂၀၂၀ မှ စ၍ အောက်ပါအတိုင်း ပြုလုပ်ရန် အကြံပေးပါသည်။
၁။ Basic Intensive Course အစအဆုံး 64 hours စာကို module ၄ခု ဖြင့် ခွဲသင်ရန်၊
၂။ Module တခုစီ သည် ၁၆ နာရီ (၂ရက်) ဖြစ်ပြီး ၃လ တကြိမ် သင်တန်းပေး ရန်
၃။ Module တခုစီသည် ၅သိန်း ဝန်းကျင်သာ ကျသင့်မည် ဖြစ်ပြီး၊ Module အစအဆုံး အတွက် သိန်း၂၀ ခန့်သာ ကျသင့်မည်၊ (ခန့်မှန်း)။
ဤ အစီအစဥ် အတိုင်း သွားမည်ဆိုပါက သွားဆရာဝန်များ အတွက် အဆင်ပြေ နိုင် မပြေနိုင် ဝိုင်းပြီး အကြံပေး ကြစေ လိုပါသည်။